သဲဖြူကုန်းကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၁၈၄/၅မှ ၁၈၄/၆ အကြားရှိ မလတ်တောင် တောင်မြေသားပြိုကျမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်တွင် သြဂုတ် ၁၁ ရက် ညနေ ၈ နာရီအထိ သေဆုံးသူအလောင်း ၅၃ ဦးနှင့် အသက်ရှင်လျက်ကယ်ဆယ်နိုင်သူ ၄၇ ဦးအထိ ရှာဖွေတွေ့ရှိခဲ့ကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးက အတည်ပြုပြောကြားခဲ့သည်။