မန္တလေးမြို့ မြို့ဟောင်းဘူတာမှ ထွက်ခွါလာသော ကုန်ရထားတစ်စီး မိုးညှင်းခရိုင် ဟိုပင်ဘူတာနှင့်နန်းခွင် ဘူတာအကြားတွင် လမ်းချော်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်ဘူတာနှင့် မိုးကောင်းမြို့နယ် နန်းခွင်ဘူတာ အကြားတွင် ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ကုန်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့သဖြင့် အမှတ်(၅၅)အဆန် အထူးအမြန်ရထားမှာ ဟိုပင်ဘူတာတွင် ရပ်နားထားခဲ့ရကြောင်း သိရှိရသည်။





