မုံရွာမြို့နယ်အတွင်းရှိ ဆည်တမံ (၃)ခု တွင် ယခုနှစ်မိုးရာသီအတွင်း ရေဝင်ရောက်မှုနည်း
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အတွင်းရှိ ထန်းဇလုပ်ဆည် သာစည်ဆည်နှင့် ဗောဓိတထောင်ဆည်တို့တွင် ယခုနှစ်မိုးရာသီ၌ ရေဝင်ရောက်မှု အလွန်နည်းပါးနေသေးကြောင်း မုံရွာမြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။






