ဟနွိုင်း ၁၄ နိုဝင်ဘာ
25th ASEAN TRANSPORT MINISTERS MEETING AND DIALOGUE PARTNER MEETING SOPENING CEREMONT ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Ha Noi, Ballroom တွင် ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Trinh Dinh Dung က အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနား တက်ရောက်ကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့်အဖွဲ့သည် ATM နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ကြသည်။
သတင်းစဉ်


