နေပြည်တော် ၂၅ နိုဝင်ဘာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ယနေ့နံနက် ၁၁ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shanxi ပြည်နယ်၊ ပြည်သူ့အစိုးရ၏ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yixin နှင့်အဖွဲ့အား ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ အချင်းချင်း ပိုမိုထိတွေ့ဆက်ဆံ သွားနိုင်ရေး၊ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍများစွာ၌ တရုတ်နိုင်ငံမှ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံရေး၊ ကျောက်မီးသွေး၊ ရေအား လျှပ်စစ်စသော စွမ်းအင်ကဏ္ဍနှင့် ဆောက်လုပ်ရေး၊ ဓာတုဗေဒဆေးဝါး ထုတ်လုပ်မှုတို့တွင် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ ထုတ်ကုန်ကဏ္ဍ၏ အားနည်းချက်များနှင့် ထောက်ပံ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို နှစ်နိုင်ငံအကြား လက်တွဲပူးပေါင်း ၍ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Centre များအပြန်အလှန် တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ အားပေး မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းများ အရည်အသွေးမြှင့် တင်နိုင်ရေးအတွက် ကူညီဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်စည်ပြပွဲများအား အပြန် အလှန်ဖိတ်ကြားခြင်းဖြင့် ကုန်သွယ်မှုမြှင့်တင် သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


