နေပြည်တော် ၁၄ နိုဝင်ဘာ
ပြည်သူ့လွှတ်တော် လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့အဖွဲ့ခေါင်းဆောင် ဒေါ်စုစုလွင်သည် UNDP /IPU Team မှ Senior Technical Advisor Mr. John Patterson နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-1) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် UNDP/IPU Team အနေဖြင့် မြန်မာလွှတ်တော်၏ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဆိုင်ရာ အခန်းကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးနေမှုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်မှုဆိုင်ရာများနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်


