ပခုက္ကူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ကူညီဆောင်ရွက်ပေး

ပခုက္ကူ ဩဂုတ် ၃

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် ကျန်ရှိသူများမှ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ဩဂုတ် ၂ ရက်တွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် အစိုးရဝန်ထမ်းများနှင့် ဒေသခံစေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းနှင့် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန်တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံစေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ထိုးမည့်စုရပ်နေရာများသို့ ပို့ဆောင်နေရာချထားပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးပြီးသူများအား မူလထိုင်ခုံနေရာသို့ စနစ်တကျ ပြန်လည်ပို့ဆောင် အနားယူစေခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။

 

ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန်ကျန်ရှိသူများအား ဩဂုတ် ၂ ရက်အထိ ဆေးထိုးစုရပ်()ခုခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေးခန်းမ)တွင် (၁၉၃)ဦး၊ ဒေသန္တရကျန်းမာရေးဌာနခွဲ()တွင် (၁၀၀)ဦး၊ ဒေသန္တရကျန်းမာရေးဌာနခွဲ()တွင် (၁၇၅)ဦး၊ ကမ္မတိုက်နယ်ဆေးရုံတွင် (၈၀)၊ မြစ်ခြေမြို့၊ အမှတ်() အခြေခံပညာအထက်တန်းကျောင်းတွင် (၁၇၇)ဦး၊ ကိုင်းတိုက်နယ်ဆေးရုံတွင် (၅၈)ဦး၊ ဆိက္ခဝအုပ်ချုပ်ရေးမှူးရုံးတွင် (၁၈၂)ဦး စုစုပေါင်း အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား (၉၆၅)ဦးတို့အား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးပြီးကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)