ဖလမ်း ၁၄ နိုဝင်ဘာ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် ယာဉ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်များ သက်တမ်းတိုးပေးခြင်းကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့၊ ဟရန်ထီးယို အားကစားကွင်း၌ ပြုလုပ်သည်။
ချင်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကီးဂေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောသည်။
ထို့အပြင် 'က' အဆင့် ယာဉ်မောင်းလိုင်စင်အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးပေးခြင်း၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်လိုင်စင်များ သက်တမ်းတိုးပေးခြင်းများကို နိုဝင်ဘာ ၁၅ ရက်နေ့ထိ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်နယ် အသက်အာမခံလုပ်ငန်းမှ ဝန်ထမ်းများက ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။
ဂျွန် ( ပြန်/ဆက် )


