မင်းလှ  ၁၄  နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ၊မင်းလှမြို့နယ်တွင်  နိုဝင်ဘာ ၁၁ ရက်နေ့၌ မီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးသွားသော နေအိမ်များမှ အိမ်ထောင်စုဝင်များအား  ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို နိုဝင်ဘာ  ၁၄  ရက်နေ့မွန်းလွဲ ၁ နာရီခွဲက  အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထောက်ပံ့ခြင်းကို မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာန၊ဦးစီးမှူး ဦးမင်းသူမောင်နှင့် မင်းလှ မြို့နယ်သဘာဝ ဘေးစီမံခန့်ခွဲမူအဖွဲ့တို့ ပူးပေါင်း၍ အလယ်ကုန်းအုပ်စု၊ အလယ်ကုန်းကျေးရွာ တွင်ပျက်စီးခဲ့သောမီးဘေးသင့် နေအိမ် (၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃) သိန်းကျပ်၊  အဆိုပါ နေအိမ်များရှိ မီးဘေးသင့် လူဦးရေ (၁၅)ဦး အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၃၁၅၀ဝ) ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၃၃၁၅၀ဝ)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၉)မျိုးပါ ပလတ်စတစ်ပုံး (၃)ပုံးအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပေါက်စ မင်းလှ