MMA One championship ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်းနှင့် အကျိုးဆောင် တောင်သူများ ပရိသတ်များ တွေ့ဆုံပွဲကျင်းပ

အိမ်မဲ  ၁၂    နိုဝင်ဘာ

 

ဧရာဝတီတိုင်း ဒေသကြီးမြောင်းမြခရိုင် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက် မြို့မ လူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း၌ MMA One champion ship အောင်လအန်ဆန်နှင့် အကျိုးဆောင် တောင်သူများ ပရိတ်သတ်များ တွေ့ဆုံပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

 

မြန်မာ့သြဘာ ကုမ္ပဏီလီမိတက် ပံ့ပိုးကူညီမှုနှင့်ကိုယ်စားလှယ် ဦးသန်းထွန်း+ဒေါ်လေးမိုး “သုခအောင်'' စိုက်ပျိုးရေး ဆေးဆိုင်တို့၏စီစဉ်ဆောင်ရွက်မှုတို့ဖြင့် နိုင်ငံ့ဂုဏ်ဆောင်(One Championship) ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်း (Aung La Nsang)နှင့် အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ၎င်း၏ပွဲ အတွေ့အကြုံများ ယှဉ်ပြိုင် ထိုးသတ်ပုံတို့ကို ရှင်းလင်း ပြောကြားပေးခဲ့သည်။

 

"ကိုယ်ကိုယ်ကို အားမငယ်ပါနဲ့၊ တစ်ဖက်ကို လေးစားမှုရှိရမယ်။ မလေးစားဘူးဆိုရင် ကောင်းမွန်စွာ ပြင်ဆင်နိုင်မှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်မှု ကအရေးကြီးပါတယ် '' ဟု အောင်လအန်ဆန်း ကပြောသည်။ MMA ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်တွေ့ဆုံပွဲတွင် အိမ်မဲမြို့နယ်အတွင်း ပြည်သူ ၅၀ဝ၀ ခန့်တက်ရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)