မိုပိုင်းလွတ် 123

မိုပိုင်းလွတ်   ၁၇  နိုဝင်ဘာ

 

(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အနာဂတ်မျိုးဆက်သစ်များ အမျိုးသားရေးစိတ်ဓာတ် ကိန်းဝပ်ရှင်သန်စေရန်နှင့် အမျိုးသားအောင်ပွဲနေ့ကို ထာဝစဉ်မမေ့နိုင်စေရန် ရည်ရွယ်၍ "အမျိုးသားအောင်ပွဲနေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မိုပိုင်းလွတ်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ ဦးစီးမှူး ဦးပီယမ်းက ပြိုင်ပွဲဝင်များကို အမျိုးသားအောင်ပွဲနေ့အကြောင်း ရှေးဦးစွာ ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို စတင်ခဲ့ကာ ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

နိုင်းခွီရှိန်း(ပြန်ဆက်)