မိန်းကလေးတစ်ဦးအား အဓမ္မပြည့်တန်ဆာခိုင်းစေခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက်နှင့် အားပေးကူညီသူများအား ထောင်ဒဏ် (၁၀)နှစ်စီချမှတ်

နေပြည်တော်  ၂၉   ဇူလိုင် 


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြည့် တန်ဆာအဖြစ် ခိုင်းစေခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်တစ်သက်နှင့် အားပေးကူညီသူ များအား ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ကြောင်း ယနေ့ညနေပိုင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ တံတားလေးဘူတာအနီးနေ မ×××၊ (၁၇) နှစ် အား၂၀၁၆ ခုနှစ်၊ ဇွန်လတွင် တစ်ရပ်ကွက်တည်းနေသူငယ်ချင်းဖြစ်သူ မစုပုံချစ် (ဘ)ဦးသန်းအေး က မကွေးမြို့တွင်စားရိတ်ငြိမ်းတစ်လလျှင် (၂)သိန်းကျပ်ဖြင့် အိမ်ဖော်အလုပ်ရမည်ဟု စည်းရုံးခေါ် ဆောင်ကာမကွေးမြို့နယ်၊ ချမ်းမြေ့သာယာကျေးရွာနေဆလိုင်း(ခ)သီဟ (ဘ)ဦးသောင်းညွန့် ထံ လွှဲပြောင်း ပေးခဲ့ရာဆလိုင်း(ခ)သီဟ၊ ထက်သီဟကို(ခ)ထက်ကြီး (ဘ)ဦးသန်းထွန်းနှင့် ဝေလျှံခန့် (ဘ)ဦးမောင်သိန်းတို့က မ××× အားအဓမ္မပြည့်တန်ဆာလုပ်ကိုင်ခိုင်းသဖြင့် မကွေးမြို့မရဲ စခန်း(ပ) ၉၉၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ−၃၇၂/၃၄၂/ ၃၂၃/ ၁၁၄ ဖြင့် ရေးဖွင့်ခဲ့ရာမှ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေပုဒ်မ− ၂၄/ ၃၂ သို့ ပြောင်းလဲတရားစွဲဆိုခဲ့ကြောင်းပြစ်မှု ကျူးလွန်သူဆလိုင်း (ခ)သီဟအားအလုပ်နှင့် ထောင်ဒဏ်တစ်သက်၊အားပေးကူညီသူများဖြစ်သည့် ထက်သီဟကို (ခ)ထက်ကြီးနှင့် ဝေလျှံခန့် တို့အားအလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီနှင့် တိမ်းရှောင်တရားခံမစုပုံချစ် အားတရားခံပြေးကြေငြာခဲ့ကြောင်း သိရသည်။


 (သတင်းစဉ်)