ကန်ကြီးထောင့် ၁၁ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ထောင်စုများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့သည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမန်းကြည်ရွှင်နှင့်တာဝန်ရှိသူများက မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၇ လုံးမှ အိမ်ထောင်စု ၈ စု အတွက် (မိသားစုသုံးပစ္စည်း) Hygiene Kit ၈ ပုံး၊ (မီးဖိုချောင်သုံးပစ္စည်း) Kitchen Kit ၈ ပုံး၊ ရေသန့်ဘူးခွံ ၈ လုံးနှင့် တာပေါ်လင်၊ ခြင်ထောင်၊ စောင်နှင့် အိမ်ဆောက်ပစ္စည်း ကိရိယာတို့ကို မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
နန်းထိုက် (KGD)