ကော့သောင်း ၂၈ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား (၃)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၂၈ ရက် ညပိုင်းက ကော့သောင်းမြို့ အေးရိပ်ငြိမ် ရပ်ကွက် ကြက်တောင်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။