ဒမတ်စကတ် ဇူလိုင် ၇
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ဆီးရီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေစဉ် မြို့တော် ဒမတ်စကတ်အလယ်ပိုင်းတွင် ဇူလိုင် ၇ ရက်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေါက်ကွဲမှုများမှာ သမ္မတ မက်ခရွန် တည်းခိုရာနေရာအတွက် သတ်မှတ်ထားသည့် လုံခြုံရေးစည်းအပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် သမ္မတတည်းခိုရာနေရာ သို့မဟုတ် တရားဝင်ခရီးစဉ်အပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုမရှိခဲ့ကြောင်း၊ ခရီးစဉ်ကို အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း ဆီးရီးယားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိခိုက်ဒဏ်ရာရရှိသူများတွင် ရဲအရာရှိ လေးဦးပါဝင်ကြောင်း သိရသည်။
ဆင်ဟွာ


