လေးမြို့မြစ်ရေ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိ

နေပြည်တော် ၁၀ ဇူလိုင် 


မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၁ နာရီ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦး မြို့တွင် ပေဝက် ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂)ရက်အတွင်း (၃)ပေခန့် ဆက်လက်တက်လာ နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။


သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ အကြံပြုချက် ထုတ်ပြန်ထားသည်။


MDN