Latest News

နောက်ဆုံးရသတင်းများ

ရခိုင်ပြည်နယ်၌ အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်းဖွင့်လှစ်

ပြည်တွင်း

18/02/19

စက်မှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ လျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်းအမှတ်စဉ်(၂/၂၀၁၉)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

တရားမ အထူးအယူခံမှု (၅)မှုကို စီရင်ချက်ချမှတ် ရာဇဝတ်အထူးအယူခံမှု(၄)မှုနှင့်တရားမအထူးအယူခံမှု (၂)မှုကို ရုံးထိုင်ကြားနာ

ပြည်တွင်း

18/02/19

နေပြည်တော်   ၁၈   ဖေဖော်ဝါရီ 

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် ၉နာရီ ခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု (၅)မှုကို စီရင်ချက်ချမှတ်သည်။

ကလေးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူဖြစ်စေရန် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများလွှဲပြောင်းပေးအပ်

ပြည်တွင်း

18/02/19

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ကလေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် စံပြကျေးရွာ ၊စီးစံကျေးရွာနှင့် ဟံသာကျေးရွာတို့ အတွက်မြစိမ်းရောင် ကျေးရွာစီမံကိန်း အရေင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ်သိန်း ၃၀ဝ စီဖြင့် စုစုပေါင်းရန်ပုံငွေကျပ်သိန်း ၉၀ဝ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် ပြည်သူ့အသံကြားနာခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ

ပြည်တွင်း

18/02/19

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပြည်သူ့အသံကြားနာခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီက ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(OSS) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

မိုးလေဝသ

18/02/19

နေပြည်တော်  ၁၈ ဖေဖော်ဝါရီ

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 

MDN

 

သာစည်မြို့နယ်၌အခြေခံပညာအဋ္ဌမတန်းတွင်ကျောင်းသား/သူ ၂၇၈၀ ဦးနှင့်စတုတ္ထတန်းတွင် ၃၉၇၆ ဦးဖြေဆို

ပြည်တွင်း

18/02/19

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်တွင်  အခြေခံပညာအဋ္ဌမတန်းနှင့်စတုတ္ထတန်း  နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၉ နာရီကမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌စတင်ဖြေဆိုရာ  အဋ္ဌမတန်းတွင်ဝင်ရောက်ဖြေဆိုသူ ၂၇၈၀ ဦးရှိပြီးစတုတ္ထတန်းတွင် ၃၉၇၆ ဦးရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်

မိုးလေဝသ

18/02/19

နေပြည်တော် ၁၈ ဖေဖော်ဝါရီ


ယနေ့တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။

 

အောင်လံမြို့နယ်တွင် အိမ်သုံးမီတာများ တပ်ဆင်ပေးပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြော

ပြည်တွင်း

18/02/19

မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  အောင်လံမြို့နယ် သမ္ဘူလကျေးရွာ၌  ကိုယ်အားကိုယ်ကိုးလျှပ်စစ်မီးလင်းရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိပြီး ------

(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့မုခ်ဦးဖွင့်ပွဲကျင်းပ

ပြည်တွင်း

18/02/19

မင်းတပ်မြို့ မြို့မအားကစားကွင်း၌ ယနေ့နံနက် ၈ နာရီက (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရာ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်း မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို ချင်းအမျိုးသားနေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌဦးအွမ်ဂေလိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ချင်းအမျိုးသားနေ့ပွဲတော်တွင် လာရောက်လည်ပတ်သော အသက်(၄၀)ကျော် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးမည်

ပြည်တွင်း

18/02/19

(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော် ကျင်းပသည့် ဖလမ်းမြို့ ဟရန်ထီးယိုအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် လာရောက်လည်ပတ်သော အသက်(၄၀)ကျော် ပြည်သူများအား ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက် မှုပေးမည်ဖြစ်ကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူး ဦးရိုနိုတ်ခါးက ပြောသည်။

အဖတ်များဆုံး သတင်း