Latest News
နောက်ဆုံးရသတင်းများ
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
18/02/19
နေပြည်တော် ၁၈ ဖေဖော်ဝါရီ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မြင်းခြံမြို့နယ်တွင် ဝါယာရှော့ဖြစ်ပြီး ဆေးရွက်သိုလှောင်ရုံမီးလောင်မှုဖြစ်ပွား
18/02/19
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊အမှတ်(၂၀)ရပ်ကွက် ၊ နယ်မြေ(၅)ရှိ ဦးအောင်ပြည့်ဖြိုး ပိုင်ဆိုင်သောဆေးရွက်ကြီးသိုလှောင်သောဂိုထောင်တွင် ယနေ့ နံနက် ၈ နာရီခန့်က လျှပ်စစ်ဝါယာကြိုးမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မြိတ်မြို့ ဆိပ်ငယ်ဗောတံတားအနီး ရေပြင်၌ ညအိပ်ရပ်နားထားသည့် ခရီးသည်တင် စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွား
18/02/19
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဆိပ်ငယ်ဗောတံတားအနီး ရေပြင်၌ ညအိပ်ကျောက်ချ ရပ်နားထားသည့် ---------
မန်ကျည်းသီးတက်ခူးစဉ် ဓာတ်လိုက်၍ မန်ကျည်းပင်ပေါ်မှ ပြုတ်ကျသေဆုံး
18/02/19
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက ဟိုစဲ့မြို့သစ်၊ ရှမ်းပိုင်းရှိ လူမနေသည့်ခြံအတွင်း မန်ကျည်းပင်ပေါ်မှလူတစ်ဦး ပြုတ်ကျကြောင်း သတင်းအရ မယ်စဲ့မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသန်းအောင်နှင့် တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
သမိုင်းဝင်ဆံတော်ရှင်ကျိုက်မက်ကော်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပ
18/02/19
သမိုင်းဝင်ဆံတော်ရှင် ကျိုက်မက်ကော်စေတီတော်မြတ်ကြီးတွင် (၈၂) ကြိမ်မြောက် ယင်္ဂဏပရိယတ္တိစာဖြေပွဲကြီး ----------
ရထားလမ်းစီမံကိန်း(၂)ခုတွင် အသုံးပြုခဲ့သော မြေယာ(၅၇၄.၂)ဧကအတွက် လျော်ကြေးငွေ ကျပ်သန်း ၁၇၀ဝ ကျော်ပေးအပ်
18/02/19
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ခဲ့သော ရထားလမ်း စီမံကိန်း(၂)ခုမှ အသုံးပြုခဲ့သည့် ဒေသခံပြည်သူများ၏ ယာမြေဧကပေါင်း(၅၇၄ ဒသမ ၂)ဧကအတွက် လျော်ကြေးငွေ ပေးအပ်ပွဲကို မင်းဘူးခရိုင် ၊အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး လျော်ကြေးငွေကျပ်(၁၇၇၉ ဒသမ ၁၅၉) သန်းအား နစ်နာခဲ့သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေဘို-မြစ်ကြီးနားလမ်း နမ္မကျိုင်းကျေးရွာလမ်းဆုံနေရာမှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းမိ
18/02/19
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းနမ္မကျိုင်းကျေးရွာသွား လမ်းဆုံနေရာတွင် -----
ကျောက်ကြီးမြို့နယ်၌ မိုင်းကြောင့် ခြေထောက်စွန့်လွှတ်လိုက်ရသူများအား မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အသင်းခွဲငယ်ဖွဲ့စည်းပေး
18/02/19
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ ကော့ပြင်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များl ကြက်ခြေနီ အသင်းတာဝန်ရှိသူများက မိုင်းကြောင့်ခြေထောက်စွန်လွတ်လိုက်ရသူများအား မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အသင်းခွဲငယ် ဖွဲ့စည်း ပေးခဲ့ကြောင်းသိရသည်။
မန္တလေး ကျုံးအရှေ့ဘက်ခြမ်းရှိ ပလက်ဖောင်းအဆင့်မြှင့်တင်ခြင်းကို သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်
18/02/19
မန္တလေးမြို့ ၆၆ လမ်း ကျုံးအရှေ့ဘက်ခြမ်းရှိ ပလပ်ဖောင်းအဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်လျှက်ရှိပြီး သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
ဧရာဝတီမြစ်တစ်လျှောက် ဧရာဝတီလင်းပိုင်ကောင်ရေ စစ်တမ်းကောက်ယူခဲ့ရာမန္တလေးမှ ဗန်းမော်အထိ လင်းပိုင် ၇၂ ကောင်တွေ့ရှိ
18/02/19
ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်အတွက် ဧရာဝတီ လင်းပိုင်ကောင်ရေ သုတေသနစစ်တမ်း ပြုလုပ်ရာ မန္တလေးမှ ဗန်းမော်အထိ လင်းပိုင် ၇၂ ကောင် တွေ့ရှိကြောင်း သိရသည်။