Latest News
နောက်ဆုံးရသတင်းများ
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၄ စင်းမြောက် ရွှေရတု တိပိဋကတံတားဖွင့်ပွဲ ကျင်းပ
04/03/19
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မတ် ၃ ရက်က တိပိဋက ပါဠိပါရဂူ၊ ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တ သီလက္ခန္ဒာဘိဝံသ ဆရာတော်က မော်မြိုင်ကျွန်းမြို့နယ်အတွင်း ၂၄ စင်းမြောက် တံတားအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကြခတ်ချောင်းကျေးရွာအုပ်စု၌ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ
04/03/19
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြခတ်ချောင်းကျေးရွာအုပ်စု ကြခတ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မတ် ၃ ရက် နံနက် ၁၁ နာရီက လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲကို ကျင်းပပြုလုပ်သည်။
အိမ်မဲမြို့တွင် အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲကျင်းပ
04/03/19
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မီးသတ်ဦးစီးဌာန ရုံးခန်းမ၌ အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲကို မတ် ၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ဟံသာဝတီ၊ ရှမ်းနှင့် ရန်ကုန်အနိုင်ရပြီး နာမည်ကြီး ရတနာပုံ အိမ်ကွင်း၌ ရှုံးနိမ့်
04/03/19
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ဒုတိယနေ့ကို မတ် ၃ ရက် ညနေပိုင်းက ကွင်းသုံးကွင်း၌ ကျင်းပရာ ဟံသာဝတီ၊ ရှမ်းယူနိုက်တက်နှင့် လက်ရှိချန်ပီယံ ရန်ကုန်အသင်းတို့ နိုင်ပွဲရခဲ့သည်။
ပထမအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြောစွမ်းရည်ပြိုင်ပွဲ ရန်ကုန်တက္ကသိုလ်ကိုယ်စားပြု (အဓိပတိ)အသင်း ပထမဆုဆွတ်ခူး
04/03/19
ပထမအကြိမ်ကျင်းပသည့် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ မြန်မာစကားပြော စွမ်းရည်ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ရန်ကုန်တက္ကသိုလ်ကိုယ်စားပြု (အဓိပတိ)အသင်းက ဗိုလ်စွဲသွားသည်။
သန်လျင် သီလဝါစက်မှုဇုန် အမှိုက်စွန့်ပစ်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား
04/03/19
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာ သီလဝါအထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ