Latest News

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိ်မ်းကြီး တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

ပညာရေး

13/03/19

နေပြည်တော်  ၁၃  မတ် 

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အမှတ် (၄) အခြေခံပညာ အထက် တန်းကျောင်းစာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

Taiwan Open အကြီးတန်းအဆင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် မြန်မာမှ ကြည်မြင့် ရွှေတံဆိပ်ဆွတ်ခူးရရှိ 

အားကစား

13/03/19

ရန်ကုန်  ၁၃ မတ်

 

ထိုင်ဝမ်(တရုတ်)နိုင်ငံ၌ မတ် ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သည့် Taiwan  Open 2019 အကြီးတန်းအဆင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လက်ရွေးစင် စားပွဲတင်တင်းနစ် ကစားသမား ကြည်မြင့်က ဂွာတီမာလာနိုင်ငံမှ ကစားသမားကို ဗိုလ်လုပွဲတွင် သုံးပွဲ နှစ်ပွဲဖြင့် အနိုင်ရရှိကာ ပထမ(ရွှေတံဆိပ်)ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 

 

သင်္ကြန်ရုံးပိတ်ရက်တွင် လက်မှတ်ခများပုံမှန်ဈေးနှုန်းအတိုင်းသာဝန်ဆောင်မှုပေးရန်YRTA မှ ညွှန်ကြားထား

ပြည်တွင်း

13/03/19

ယခုနှစ်သင်္ကြန်ပွဲတော် ရုံးပိတ်ရက်တွင် ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ  အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံ-ဧရာအဝေးပြေးတို့မှ လက်မှတ်များကို ဝယ်ယူရာတွင် ကျန်ခရီးသွားရာသီတွင် ရောင်းချသော ပုံမှန်လက်မှတ်ခအတိုင်း ဝန်ဆောင်မှုပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

အာဆီယံဒေသတွင်း နိုင်ငံများအပြင် မြန်မာနိုင်ငံတွင်လည်း ပထမဆုံးဖြစ်သည့် အမေရိကန် စီးပွားရေးကော်နာ (American Business Corner)  ဖွင့်ပွဲကျင်းပ

အာဆီယံ သတင်း

13/03/19

မန္တလေး  ၁၃  မတ် 

 

အာဆီယံဒေသတွင်းနိုင်ငံများအပြင် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် အမေရိကန် စီးပွားရေးကော်နာ (American Business Corner) ကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးခန်း၌ ယနေ့စတင်ဖွင့်လှစ်သည်။

 

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် UNICEF မှ Ms. Alison Rhodes အား တွေ့ဆုံ

ပြည်တွင်း

13/03/19

နေပြည်တော်  ၁၃  မတ် 

 

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်သည် UNICEF မှ Ms. Alison Rhodes နှင့် ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် Bank for International Settlements (BIS) ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်တွင်း

13/03/19

နေပြည်တော်  ၁၃  မတ် 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ဆွစ်ဇာလန်နိုင်ငံ Bank for International Settlements(BIS)မှ Head of Back Office Controls၊ Mr. Laurent Niaufre နှင့်အဖွဲ့အား ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ

လွှတ်တော် သတင်းများ

13/03/19

နေပြည်တော်  ၁၃  မတ် 

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းလျှောက်သင်္ကြန် ၆ နေရာအထိ တိုးချဲ့ခွင့်ပြုပေးမည်

ပြည်တွင်း

13/03/19

ရန်ကုန် ၁၃  မတ်

၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းလျှောက်သင်္ကြန် ၆ နေရာအထိ တိုးချဲ့ခွင့်ပြုပေးမည်ဖြစ်ကြောင်း မဏ္ဍပ်နေရာချထားရေးနှင့် ကြံခိုင်မှုစစ်ဆေးရေးကော်မတီ အဖွဲ့ဝင် ဦးသန်းဟုတ်က ပြောကြားသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  (၂၄) ရက်မြောက်နေ့ကျင်းပ

ပြည်တွင်း

13/03/19

နေပြည်တော်  ၁၃   မတ် 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အဖတ်များဆုံး သတင်း