Latest News
နောက်ဆုံးရသတင်းများ
(၄) ကြိမ်မြောက် Animation Workshop ဖွင့်ပွဲအခမ်းအနားကျင်းပ
13/03/19
ရန်ကုန် ၁၃ မတ်
ဂျပန်ဖောင်ဒေးရှင်းနှင့် ဝဿန်ရုပ်ရှင်ပွဲတော်ကျင်းပရေးအဖွဲ့တို့ ပူးပေါင်း၍ "ကာတွန်းများဖန်တီးကြစို့" ခေါင်းစဉ်ဖြင့် (၄) ကြိမ်မြောက် Animation Workshop ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ကျင်းပသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက်ကျင်းပ ပုလဲအတွဲ စုစုပေါင်း ၂၆၉ တွဲကို အိတ်ဖွင်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့
13/03/19
နေပြည်တော် ၁၃ မတ်
၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ပုလဲအတွဲစုစုပေါင်း ၂၆၉ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့် စတင်ကျင်းပ
13/03/19
၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအဆင့် (ပထမနေ့) ကို ယနေ့ညနေပိုင်းက စတင်ကျင်းပရာ အား/ကာသိပ္ပံ၊ မြဝတီနှင့် တက္ကသိုလ်အသင်းတို့ နောက်တစ်ဆင့် တက်ရောက်သွားသည်။
ကျောက်ထု -ပေါက်- ပခုက္ကူ/တောင်ငူ/ လှည်းကူးမြို့နယ်များတွင်တရားမဝင်သစ်များ ဖမ်းဆီးရမိ
13/03/19
နေပြည်တော် ၁၃ မတ်
ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ
13/03/19
၂၀၁၈ ခုနှစ်အတွင်း ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓါတ်ပုံပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အတက်ကြွဆုံးလှုပ်ရှား ပါဝင်ခဲ့သည့် ခရိုင်၊ မြို့နယ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ကျင်းပသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်အား ရွေးချယ်ရန် မဲပေးခွင့်ရှိသူဦးရေ ၃ ဒဿမ ၄ သန်းရှိ
13/03/19
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်း၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်အား မဲပေးရွေးချယ်နိုင်ရေးအတွက် မဲပေးခွင့်ရှိသူဦးရေ ၃ ဒသမ ၄ သန်းခန့်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကွင်းဆင်းစစ်ဆေး
13/03/19
နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဇာဒက်ကြီးကျွန်းပတ်လမ်း လမ်းပိုင်းများကို ပြုပြင်ဆောင်ရွက်လျက်ရှိရာ
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
13/03/19
ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် များတွင် အာဆီယံမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး အာဆီယံအတွင်းရေးမှူးချုပ်ရုံး သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူး ရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်း မန္တလေးမြို့၌ လေ့ကျင့်လျက်ရှိ
13/03/19
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ယခုလအတွင်း ယှဉ်ပြိုင်ကစားရမည့် နိုင်ငံတကာခြေစမ်းပွဲများအတွက် မတ် ၁၁ ရက်မှစ၍ မန္တလေးမြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိ
ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Elite City Investment ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား တွေ့ဆုံ
13/03/19
နေပြည်တော် ၁၃ မတ်
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Elite City Investment ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-9)အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။