Latest News

နောက်ဆုံးရသတင်းများ

Contract Farming စနစ်ဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပူးပေါင်းဆောင်ရွက်ထားသော လယ်ယာများအတွက် အာမခံထားပေးရန် ဆွေးနွေးနေ 

ပြည်တွင်း

14/03/19

ရန်ကုန်  ၁၄  မတ် 

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Contract Farming စနစ်ဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပူးပေါင်းဆောင်ရွက်ထားသော တောင်သူများ၏ စပါးစိုက်ဧကများအတွက် သီးနှံအာမခံထားရှိရန် ဆွေးနွေးမှု ပြုလုပ်နေကြောင်း Global Worl d Insurance ကုမ္ပဏီမှ ဒါရိုက်တာ ဦးစိုးဝင်းသန့်က ပြောသည်။ 

 

မန္တလေး လမ်း ၄၀ X ၄၁ နှင့် ၈၃ လမ်းတွင် မီးလောင်မှုဖြစ်ပွား

မှုခင်း

13/03/19

မန္တလေး  ၁၂  မတ်

 

ယနေ့ညပိုင်း ၉ နာရီအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး လမ်း ၄၀ X ၄၁ လမ်း နှင့် ၈၃ လမ်း ညောင်ပင်သာ ဘိုးနာဂ အနီးတွင်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

(၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ကော်မရှင်အစည်းအဝေးသို့ ပြည်ထောင်စု၀န်ကြီး ဦးကျော်တင် တက်ရောက်

ပြည်တွင်း

13/03/19

နေပြည်တော်  ၁၃  မတ်

 

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် မတ် ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မတ် ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၁) ဆက်လက်ကျင်းပ

အားကစား

13/03/19

၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၂၁) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် MIC အသင်းနှင့် VUC အသင်းတို့ နိုင်ပွဲရခဲ့သောကြောင့် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည်ဖြစ်

တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၁၉၀၆၀၂ ဦးနှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသူပေါင်း ၆၅၇၄၀၄ ဦးရှိ

ပညာရေး

13/03/19

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ ဇီဝဗေဒဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၆၉၁ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၇၁၂ ခုတွင် ဖြေဆိုသူပေါင်း ၁၉၀၆၀၂ ဦးနှင့် ဘောဂဗေဒဘာသာရပ်ကို  နိုင်ငံခြားစာစစ်ဌာန ၂၁ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၈၅၈ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၈၇၉ ခုတွင် ဖြေဆိုသူပေါင်း ၆၅၇၄၀၄ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် Exploring Myanmar Culture & Tourism Organization အဖွဲ့တို့အား သီးခြားစီလက်ခံတွေ့ဆုံ

13/03/19

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့ အား ယနေ့နံနက်ပိုင်းတွင်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်  Exploring Myanmar Culture & Tourism Organization အဖွဲ့ တို့အား မွန်းလွဲပိုင်းတွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရှင်းလင်းပွဲ မကွေးမြို့၌ကျင်းပ

ပြည်တွင်း

13/03/19

နေပြည်တော် ၁၃  မတ်

တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေ

မိုးလေဝသ

13/03/19

နေပြည်တော် ၁၃ မတ်

 

၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ ည(၇:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

 

အဖတ်များဆုံး သတင်း