Latest News
နောက်ဆုံးရသတင်းများ
မြန်မာအက အခြေခံကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
15/05/19
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွင့်လှစ်ခဲ့သည့် မြန်မာအက အခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅ ရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေး လက်မှတ်ရေးထိုး
15/05/19
မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် စတင်ဆောင်ရွက်ရန် ရည်ရွယ်သည့် LOI (Letter of Intent) ကို ယနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်မှတ်ရေးထိုးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
15/05/19
မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၄ ရက် ည ၉ နာရီက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာအနီး၊ မိုးညှင်း-ဝှေခါသွားလမ်းတွင် ဇော်နိုင်မောင်းနှင်ပြီး ဇာနည်လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ
မရမ်းကုန်းမြို့နယ်၌ မီးခိုးမွှန်ပြီး အသက်ရှူကြပ်လာသဖြင့် ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဆေးကုသမှုခံယူ
15/05/19
မရမ်းကုန်းမြို့နယ်၌ မီးစက်မှထွက်သော မီးခိုးငွေ့များ ရှူရှိုက်မိ၍ အသက်ရှူကြပ်လာသဖြင့် ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ်အား ဝင်ရောက်တိုက်မိ၍ (၁၀)ဦးဒဏ်ရာရ
15/05/19
မေ ၁၄ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၁/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
မန္တလေးတိုင်းအတွင်း သရက်သီးထွက်နှုန်း ၂၀ ရာခိုင်နှုန်းခန့်လျော့ကျလာ
15/05/19
ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် မန္တလေးတိုင်းမှာ သရက်သီးနှုန်းများ လျော့ကျလာကြောင်း မန္တလေးတိုင်းဒေသကြီး သရက်သီးအစုအဖွဲ့ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံစီမံကိန်းတွင် ကျေးရွာသားများ ဆန္ဒပြရာမှ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား
15/05/19
မန္တလေး ၁၅ မေ
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာတွင် Alpha ဘိလပ်မြေစက်ရုံ စီမံကိန်းသို့ သွားရောက်သည့် အောင်သပြေ - သရက်ကိုင်း ကျေးရွာချင်းဆက်လမ်းအား ပိတ်ဆို့ ဆန္ဒဖော်ထုတ်သူများနှင့် အနီးရှိ အောင်သပြေကျေးရွာမှ ကျေးရွာသားများ ဆန္ဒပြရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း International IDEA Regional Director (Asia and Pacific) Ms. Leena Rikkila Tamang နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
15/05/19
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် International IDEA (International Institute for Democracy and Electoral Assistance) ၏ Regional Director (Asia and Pacific) Ms. Leena Rikkila Tamang နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဖတ်များဆုံး သတင်း
- 28/Jul/2026