Latest News
နောက်ဆုံးရသတင်းများ
အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကျင်းပ
15/05/19
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ နှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ ကျင်းပသည်။
မြိတ်မြို့၌ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် စတင်ကျင်းပ
15/05/19
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ဝိုင်ဘီအေ ဗုဒ္ဓဘာသာလူငယ်များအသင်းမှကြီးမှူး၍ ဘုရားငါးဆူ ကွင်းအတွင်းတွင် နှစ်စဉ် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၇၅)ကြိမ်မြောက်အဖြစ် ဒီပင်္ကရာမြတ်စွာဘုရားရုပ်ပွားတော် ရေသွန်းလောင်းပူဇော်ပွဲကို မေလ(၁၅)ရက်မှ(၁၉) ရက်အထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ဃန်းညီနောင်စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်နှစ်စီးပေါ်မှ အေးခဲအသားများသိမ်းဆည်းရမိ
15/05/19
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်စစ်ဆေးရေးဂိတ်တွင် မေလ ၁၄ ရက် ညပိုင်းက ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်စဉ်---------
ကျုံပျော်မြို့နယ်တွင် အိမ်တွင်းမှု အလှကိုင်ခြင်း ရက်လုပ်နည်းသင်တန်းဖွင့်
15/05/19
အမျိုးသမီးများ အားလပ်ချိန်တွင် ဝင်ငွေတိုးပွားရှာဖွေနိုင်စေရန် ရည်ရွယ်၍ အိမ်တွင်းမှု အလှကိုင်ခြင်း ရက်လုပ်နည်းသင်တန်းကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
မန္တလေးမြို့တွင် အပူဒဏ်ကြောင့် သေဆုံးသူ ၅ ဦးနှင့် လူနာ ၄၀ ကျော်ရှိ
15/05/19
မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ နေ့အပူရှိန် မြင့်မားမှုကြောင့် သေဆုံးသူ ၅ ဦးနှင့် သတိလစ်မေ့မြောသည့် လူနာ ၄၀ ကျော်ရှိကြောင်း မန္တလေးဆေးရုံကြီးမှ ဆေးလူမှုဆက်ဆံရေးဌာနထံမှ သိရသည်။
မင်းလှမြို့နယ်အတွင်းမှ လေဘေးသင့် နေအိမ်များအား ကြက်ခြေနီအသင်းမှ ထောက်ပံ့လှူဒါန်း
15/05/19
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် မေ ၅ ရက်က လေပြင်းတိုက်ခတ်မူကြောင့် ပြိုလဲခဲ့သည့် နေအိမ်(၂၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံပေးအပ်ခြင်းကို --------
မော်လိုက်မြို့၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ
15/05/19
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ------------
ဒေးဒရဲမြို့တွင် ယာဉ်နှင့်ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်း ဆောင်ရွက်ပေးမည်
15/05/19
ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် မြို့လယ်သံတန်ဆောင်းကြီးတွင် မေလ ၁၆ ရက် နံနက် ၈ နာရီမှစတင်၍ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းရယ်မြို့ မန်ဖျက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း နံရံပြိုကျမှုဖြစ်ပွား
15/05/19
လားရှိုးခရိုင် မိုင်းရယ်မြို့နယ် မန်ဖျက်ကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် ဇေယျမင်္ဂလာဘုန်းတော်ကြီး ကျောင်းဆောက်လုပ်ဆဲ အုတ်နံရံပြိုကျမှု ဖြစ်ပွားခဲ့သည်။
အဖတ်များဆုံး သတင်း
- 28/Jul/2026