မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေး လက်မှတ်ရေးထိုး

နေပြည်တော် ၁၅ မေ 

မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တုလွှတ်တင်ရေးကို ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် စတင်ဆောင်ရွက်ရန် ရည်ရွယ်သည့် LOI (Letter of Intent) ကို ယနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်မှတ်ရေးထိုးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်နှင့် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ် Space Mission Center မှ ညွှန်ကြားရေးမှူး ပါမောက္ခ ယူကီဟီရိုတာကာဟာရှီတို့က LOI လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)