မုဒုံ သြဂုတ် ၈
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် အောက်ဆီဂျင် အရေးပေါ်လိုအပ်ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အောက်ဆီဂျင်စက်များကို ကမာဝက်မြို့ တိုက်နယ်ဆေးရုံသို့ ယနေ့ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ကမာဝက်ခြင်္သေ့ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒကုမာရမှ အောက်ဆီဂျင်စက်(၁)လုံးကို လည်ကောင်း၊ အောင်တော်မူကျောင်းဆရာတော် ဘဒ္ဒန္တသီလဝံသမှ အောက်ဆီဂျင်စက် (၁) လုံးကို လည်ကောင်း၊ ကမာဝက်မြို့နေ စေတနာရှင်အလှူရှင်များစုပေါင်း၍ အောက်ဆီဂျင်စက်(၃)လုံးကို လည်ကောင်း စုစုပေါင်း အောက်ဆီဂျင်စက်(၅)လုံးအား ကမာဝက်တိုက်နယ်ဆေးရုံသို့ လှူဒါန်းခဲ့ရာ ဆရာဝန်ကြီး ဒေါက်တာ စိုးပိုင်က လက်ခံရယူခဲ့သည်။
အောင်မျိုးသူ(ပြန်/ဆက်)