ကလေးဝမြို့အနီး အင်အား ရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ၁၄ အောက်တိုဘာ

 

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ၊ ၅၀ မိနစ်၊ (၁၀) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် (၆၂)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးဝမြို့၏ အရှေ့-အရှေ့တောင်ဘက်(၁၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၁၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၅၃)ဒီဂရီ၊ အနက်(၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

MDN