ရန်ကုန် ၁၄ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်း သက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် (၃)လသင်တန်းများဖြစ်သည့် စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းများကို တက်ရောက်လိုသူများသည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၆၅) ကျိုက်ဝိုင်းဘုရားလမ်း လူမှုဝန်ထမ်း အတတ်သင်သိပ္ပံ ကျောင်းဝင်းအတွင်းရှိ မသန်စွမ်း သက်ကြီးသင်တန်းကျောင်း၊ ဖုန်း-ဝ၁-၉၆၆၁၇၁၂၊ ဝ၉-၂၅၀၁၃၀၃၄၂ နှင့် ဝ၉-၄၂၁၀ဝ၃၅၆၀ တို့သို့ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် သင်တန်းတက်ရောက်ခွင့်ရသူများသည် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း နေထိုင်စားသောက်ရေးများကို စီစဉ်ပေးမည်ဖြစ်ပြီး သင်ထောက်ကူပစ္စည်း၊ လစဉ်ထောက်ပံ့ကြေးနှင့် နယ်မှလာရောက်သော သင်တန်းသားများအတွက် အိမ်ပြန်ခရီးစရိတ်တို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရသည်။
သန့်ဇော်


