ကျိုက်မရော ၃၁ အောက်တိုဘာ  

 

ကျိုက်မရောမြို့နယ်တွင် မိုးစပါး ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော မိုးစပါးစိုက်ဧကများမှ ထောက်ပံ့ရန် ကျန်ရှိသော(၂၅၉၅ )ဧကအတွက် စိုက်ပျိုးရေးဦးစီးဌာန (ပြည်ထောင်စု) အရေးပေါ်ရန်ပုံငွေမှ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီက ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရွှေဟင်္သာ)ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှတင်မောင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ရေကြီးနစ်မြုပ်မှုကြောင့်ကျေးရွာ အုပ်စု(၂၇ )ရွာမှ တောင်သူ(၆၅၅) ဦး၏ ပျက်စီးဧက (၂၅၉၅ )ဧက အတွက် တစ်ဧကလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ငွေကျပ် ၂၅၉၅၀ဝ၀ဝ ကို သက်ဆိုင်ရာ တာဝန်ရှိသူများက တောင်သူတစ်ဦးချင်းထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည် ။

 

ယနေ့ ကျင်းပပြုလုပ်သော ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး ( ကျိုက် မရော  )