ကျောက်ထု  ၁၈  နိုဝင်ဘာ

 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ကျေးရွာများတွင် ရှေးရိုးအစဉ်အလာဖြစ်သော အိုးစည် အဆို၊ အက တီးဝိုင်းများကို လူငယ်မောင်မယ်များက အစဉ်အလာ မပပျောက်စေရေး လေ့ကျင့် လျက်ရှိကြသည်။

 

အဆိုပါအိုးစည်တီးဝိုင်းများအား ကျောက်ထုမြို့ဒေသတွင် ရိုးရာအစဉ်အလာ မပျောက် ပျက်စေရန် အိုးစည်ဝိုင်း အတီး၊ အဆို၊ အကများ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြင်လယ်ကျေးရွာမှ အိုးစည်အကဆရာ ဦးမေကျော်က ပြောပြသည်။

 

အဆိုပါ အိုးစည်ဝိုင်းများသည် နှစ်စဉ်ကျင်းပလေ့ရှိသည့် မီးကြာလှည့်ပွဲ၊ ကထိန်ပွဲ၊ ရှင်ပြု အလှူတော်မင်္ဂလာများတွင် အဓိကထား ဖျော်ဖြေတင်ဆက်လေ့ရှိကြောင်း သိရသည်။

 

မောဟေမာန် (ပြန်ဆက်)