ဒလ ၁၄ နိုဝင်ဘာ
ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက်နေပြည်သူများ အမှိုက်စို၊ အမှိုက် ခြောက် ခွဲခြားစွန့်ပစ်နိုင်ရေးနှင့် စနစ်တကျဖြင့် အမှိုက်များ စီမံခန့်ခွဲတတ်စေရန် ရည်ရွယ် လျက် အမှိုက်ထည့်အိတ်များအား ရပ်ကွက်အတွင်း လိုက်လံပေးဝေလျက်ရှိသည်ကို နိုဝင်ဘာလ ၁၄ ရက်နံနက် ၁၀ နာရီ အချိန်ကတွေ့မြင်ခဲ့ရသည်။
ဒလမြို့နယ်တွင် ပြည်သူများအနြေဖင့် အမှိုက်စို အမှိုက်ခြောက် ခွဲခြားစွန့်ပစ်စေ ရေးနှင့် အမှိုက်များအား စနစ်တကျစီမံ ခန့်ခွဲတတ်စေရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ပံ့ပိုးကူညီမှု ဖြင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ပညာပေးမှုများလည်း ဆောင်ရွက် ပေးထား ကြောင်း သိရသည်။
"အမှိုက်စို အမှိုက်ခြောက်ဆိုတာ ဘယ်လိုဟာကိုခေါ်လည်းဆိုတာ ထပ်ရှင်းပြချင်လို့ ကိုယ်တိုင် လိုက်ဝေပေးတာပါ၊ အမှိုက်စိုထည့်ဖို့အိတ်ကြီး၂၅အိတ်၊ အမှိုက်ခြောက် ထည့်ဖို့က အိတ်ကြီး၂၅ အိတ်၊ တစ်အိမ်ထောင်ကို အိတ်ကြီးအလုံး၅၀ ပေးဝေခဲ့ပါတယ်"ဟု အံ့ကြီးအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ပြောသည်။
မောင်ယဉ်ဦး(ဒလ)


