စဉ့်ကိုင်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် အသက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင် သြဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် (၆၅)နှစ်အထက် အသက်ကြီး ဘိုးဘွားများအား ယနေ့ နံနက် နာရီက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးများ ထိုးနှှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာသိမ့်အိသူနှင့် ကျန်းမာရေး၀န်ထမ်းများက အဖွဲ့()ဖွဲ့ခွဲ၍ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ သုခဒါနပရဟိတ အဖွဲ့၀င်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ပလိပ်၊ ဆီဆုံ၊ ဆည်ရွာ၊ ကံသာအေး၊ တဘက်ဆွဲ၊ ဗျင်္ညားလော ကျေးရွာများရှိ (၆၅)နှစ်အထက် အသက်ကြီး ဘိုးဘွားများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှှံသည့် အသက်(၆၅)နှစ်အထက် အသက်ကြီး ဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်း ဆေးမထိုးရအုပ်စု မှန်/မမှန် စိစစ်ပြီး ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့်ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုး လက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ စီစဉ်ဆောင်ရွက်ထားရှိသည်။

စဉ့်ကိုင်မြို့နယ်အနေဖြင့် ကာကွယ်ဆေးအလုံးရေ (၈၀၀)ရရှိ၍ လူဦးရေ(၁၆၀၀)ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဇူလိုင်(၃၁)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ လူဦးရေ(၃၂၀)ဦး၊ ဆေးတစ်လုံးလျှင် ()ဦးနှုန်းဖြင့် ဆေးအလုံးရေ (၁၆၀)လုံး ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို သြဂုတ် () ရက်တွင်လည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ဝင်းဝင်းသန်း