ဟားခါး ၁၄ နိုဝင်ဘာ
ချင်းပြည်နယ် စိုက်ပျိုးရေးဉီးစီးဌာနနှင့် စက်မှုလယ်ယာဉီးစီးဌာနတို့ ပူးပေါင်း၍ Combine Harvester ဖြင့် ရိတ်သိမ်းခြွလှေ့ခြင်းသရုပ်ပြပွဲနှင့်မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် နံနက် ၈ နာရီက ဟားခါးမြို့နယ် သီးမစ်တောင် (ခ)ကွင်း အမှတ်(၅/၅)တွင် ကျင်းပသည်။
ရိတ်သိမ်းခြွေလှေ့ခြင်း သရုပ်ပြပွဲနှင့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပြည်နယ်စိုက်ပျိုးရေး ၊ မွေးမြူရေး သစ်တောနှင့်သတ္တုဝန်ကြီး ဉီးမန်ဟင်းဒါးလ် ၊ ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန အုပ်ချုပ်ရေးမှူး ဉီးလွင်ကိုဉီး၊ ပြည်နယ်စက်မှုလယ်ယာ ဉီးစီးဌာနပြည်နယ်ဉီးစီးမှူး ဉီးခင်မောင်ဝင်း ၊ ပြည်နယ်စိုက်ပျိုးရေး ဉီးစီးဌာန ဒုတိယပြည်နယ်ဉီးစီးမှူးများ ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အုပ်ချုပ်ရေးမှူး ဉီးမြင့်ဉီး၊ ခရိုင်၊မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက် အားပေးခဲ့ကြသည်။
၂၀၁၈−၂၀၁၉ မိုးစပါးရာသီတွင် သီးမစ်တောင်(ခ)ကွင်း အမှတ်(၅/၅)တွင် တောင်သူ(၂၂)ဉီးမှ ရွှေရင်အေး မျိုးစပါး၊ မျိုးသန့်မျိုးပွားမျိုးစေ့ကို တောင်သူ(၂၂)ဉီးမှ (၂၅)ဧက စတင်စိုက်ပျိုးခဲ့ပြီး မျိုးပွား ထုတ်လုပ်ပြီးရရှိလာသည့် စီးပွားဖြစ် မျိုးသန့်မျိုးစေ့ စိုက်ပျိုးနိုင်သော မျိုးသန့်ကို ဒေသတွင်း ဖြန့်ဖြူးပေးလျက် ရှိကြောင်း ၊ ယနေ့ရိတ် သိမ်းသည့် တောင်သူ ဒေါ်လွန်ဆုန်၏ မိုးစပါး စံကွက်တွင် ၁ ဧက မိုးစပါး အစို ၉၇ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဉီးစီးဌာန မြို့နယ် ဉီးစီးမှူး ဉီးရဲဝင်းအောင်ထံမှ သိရသည်။
ကျော်စွာ(ပြန်/ဆက်)


