ရွှေဘို ၁၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် မုံရွာခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌများနှင့်အတူ နိုဝင်ဘာ ၁၄ ရက်၊ နံနက်(၈)နာရီခွဲက မုံရွာမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းသန့်ရှင်းသာယာလှပမှု၊ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုနှင့် မုံရွာမြို့ မြို့ရှောင်လမ်းအဆင့်မြှင့်တင် ကတ္တရာထပ်ပိုးလွှာခင်းကျင်း ဆောင်ရွက်ထားရှိမှု နှင့် ရေကျော်တံတားများs အခြေအနေတို့အားကြည့်ရှုစစ်ဆေးပြီး မုံရွာမြို့ရှောင်လမ်းကတ္တရာထပ်ပိုးလွှာခင်းကျင်းဆောင်ရွက်နေမှုများနှင့် စပ်လျဥ်း၍ သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မိရေးတို့ကို အလေးထားဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထွန်းကိုကို(ယင်းမာပင်)


