ဘဝကိုတစ်ယောက်တည်းဖြစ်သန်းရတာ နှစ်သက်သည့် ဂန္တဝင်

၂၅ ဒီဇင်ဘာ

အနုပညာလောကသို့ ၁၉၉၉-၂၀ဝ၀ ခုနှစ်ကတည်းကစတင် ဝင်ရောက်လာခဲ့ပြီး "ပုံလာလာပြောတိုင်းယုံ”  " ရင်ထဲမှာဘာညာဘာညာ" စသည့် ဇာတ်ကားများနှင့် ပရိသတ်သတိထားမိလာခဲ့ရာမှ အဆိုတော်ဇော်ပိုင် ၏ " မြို့ဝင်ည တေးစီးရီးတွင် ချောစုခင် နှင့် တွဲဖက်သီဆိုခဲ့သည့် ၊"ဒါဟာအချစ်လား” MTV အတွက် သရုပ်ဆောင်ခဲ့ပြီး ပိုမို လူသိများလာသော ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဂန္တဝင် နှင့် သူ ၏ လက်ရှိဘ ဝ ဖြတ်သန်းမှု နှင့် အတူ အနုပညာပုံရိပ်တွေကို  မေးမြန်းဖြစ်ခဲ့သည် ။

မေး။      ။မအိ အနုပညာအလုပ်တွေနဲ့ ကင်းကွာသွားတာကြာပြီနော်။ အခုရော ပရိသတ်အတွက် ဘာတွေချပြ ဖို့ရှိလဲ။

ဖြေ။      ။အခု အစ်မ ဝိတ်တွေချတယ်။ ကျန်းမာရေးကို ဂရုစိုက်တယ်။ ၂၀၁၈ ခုနှစ်ထဲမှာ အစ်မရဲ့ ဇာတ်ကား တွေ၊ ဇာတ်လမ်းတွဲတွေကို ပရိသတ်ကြည့်ရတော့မှာပါ။ MNTV က လွှင့်မယ့်ကားမှာတော့ ဒါရိုက်တာ ပြေဇင် ရိုက်ကူးပြီး မင်းသားသူထူးစံနဲ့ အတူသရုပ်ဆောင်ရမှာပါ။ အိမ်ထောင်ရေး ဇာတ်လေးပါပဲ။ ကားကြီးအနေ နဲ့ကတော့ "သရဲခေါ်နည်း"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ မင်းသားက နေသူရိန် ၊ပွင့်နဒီမောင်နဲ့ မအိနဲ့ သရုပ် ဆောင်မှာပါ။ာအနုပညာနဲ့ ကင်းကွာသွားတာကလည်း မအိကဘဝရဲ့ လောကဓံတွေကို ရင်ဆိုင်ခဲ့ရတာလည်း ပါပါတယ်။ ကိုယ်ရွေးချယ်တဲ့လမ်းက ထင်ထားသလို ဖြစ်မလာဘဲ ရွေးချယ်မှုအမှားကိုမေ့ထားပြီး အလုပ်နဲ့ ပြန်ပြီးအေးအေးချမ်းချမ်း လျှောက်လှမ်းဖို့ စဉ်းစားထားပါတယ်။

မေး။      ။၂၀၁၈ခုနှစ်အတွက် မအိရဲ့ ဖြတ်သန်းမှု မျှော်လင့်ချက်ကလေးကိုလည်း ပြောပါဦး။

ဖြေ။      ။၂၀၁၈ခုနှစ်မှမဟုတ်ပါဘူး။ စိတ်ဆိုတာ အမြဲသစ်ပါတယ်။ မနက်ကစိတ်နဲ့ ညရောက်လာရင် ဖြစ်တဲ့ စိတ်ကူးကတောင် မတူညီနိုင်ပါဘူး။ ကျန်တဲ့အပိုင်းတွေတော့မသိဘူး။ ကျွန်မအခု အသက် ၃၅နှစ် ကျော်လာပြီ။ ဖြတ်သန်းလာတဲ့နှစ်တွေအရတော့ အတွေးအခေါ်တွေ၊ ရင့်ကျက်မှုတွေ၊ ခံစားမှုတွေက ကွာခြားလာတာကို တွေ့ရတယ်။ အကောင်းအဆိုးတွေ ဘဝအတွေ့အကြုံသင်ခန်းစာရလာတော့ ရင့်ကျက်တဲ့အရွယ်တစ်ခုကို့ ဖြစ်ပြီး ပျက်တာဘဲပေါ့နော်။ အမှားတစ်ခုကိုကြုံတွေ့ဘူးသွားပြီဆိုရင် နောက်မမှားအောင်ဆင်ခြင်သုံးသပ်ရမှာပါ။ ဘုရားတရားကို ပိုပြီးယုံကြည်သက်ဝင် လာတယ်။ အာဃတာတွေ၊ အမုန်းတွေကို လျှော့ချပြီး တစ်ယောက်ထဲ ဖြတ်သန်းမှုကို ပိုပြီး သဘောကျခုံမင်လာပါတယ်။

မေး ။ ။ပြန်ပြီးစတော့မယ့် အနုပညာခြေလှမ်းတွေအတွက်ရော မအိရဲ့ မျှော်လင့်ချက်နဲ့ အခက်အခဲတွေရှိလား။

ဖြေ။      ။အရင်တုန်းက အောင်မြင်တဲ့ ကားတွေရှိခဲ့တယ်။ "ရင်ထဲမှာဘာညာဘာညာ" ၊ ပုံလာလာပြောတိုင်းယုံ" ကားတွေဆိုလည်း ပရိသတ်က အခုချိန်ထိ ပြောနေကြတယ်။ ကြိုက်ကြတယ်။ အခုပြန်ရိုက်တော့လည်း  အများ ကြီးပြင်ဆင်ရတာမျိုးမရှိပါဘူး။ နည်းနည်းပါးပါးလောက်အခက်အခဲရှိတာပါ။ ကိုယ်ဖြတ်သန်းခဲ့တာလည်း ဆယ်စုနှစ်မက ဘူးလေ။ ဒီအလုပ်တွေက ကိုယ့်အတွက် အဆင်ပြေနေပါတယ်။ အနုပညာသက်တမ်းဆိုလည်း မအိ အခုဆို (၁၈) နှစ်လောက်ရှိပါပြီ။ အနုပညာအလုပ်ကိုလဲ အသက် (၁၉) နှစ်လောက်ကတည်းက လုပ်လာတာဆိုတော့ အခြား အခက်အခဲမရှိသလောက်ပါပဲ။

ကိုလင်း