အင်အားအသင့်အတင့်ရှိမြေငလျင် တမူးမြေငလျင်စခန်းမှ ၅၁ မိုင်အကွာ၌ လှုပ်ရှား

နေပြည်တော် ၃ အောက်တိုဘာ

 

 

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၅၄)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၅၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Myanmar-India Border Region) မြောက်လတ္တီတွဒ် (၂၄.၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၁)ဒီဂရီ၊ အနက်(၃၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ  ထုတ်ပြန်ထားသည်။

 

MDN