နေပြည်တော်  ၂၅   နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(အမျိုးသား) ဘောလုံးပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial Stadium ကွင်း၌ ယနေ့ညနေ ဒေသစံတော်ချိန် (၄)နာရီ ၊ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် မလေးရှား U-22 အသင်းနှင့် မြန်မာ U-22 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဘက်တစ်ဂိုးစီ သရေရလာဒ်ဖြင့် လည်းကောင်း ပြိုင်ပွဲအပြီးတွင် မလေးရှား U-22 အသင်းနှင့် မြန်မာ U-22 အသင်းတို့သည် ရမှတ်တစ်မှတ်စီ ရရှိသည်။

 

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒုတိယ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ မြန်မာအားကစားအဖွဲ့မှ  တာဝန်ရှိသူများ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာဘောလုံးပရိသတ်များ လာရောက်ကြည့်ရှု အားပေးကြသည်။

 

အကြိမ်(၃၀)မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(အမျိုးသား) ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန်(၄) နာရီ မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲတွင် အိမ်ရှင် ဖိလစ်ပိုင် U-22 အသင်းနှင့် မြန်မာ U-22 အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)