မုံရွာ ၁၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်း၍ (၉၉)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲနှင့် ပုံပြော၊ ကျပန်းစကားပြောပြိုင်ပွဲများကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက မုံရွာခရိုင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးများနှင့် အတွေးအခေါ်များ မြင့်မားလာစေရန်၊ ပရိသတ်များရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများ မွေးမြူပေးရန်၊ စာစီစာကုံး ရေးသားသည့် အရည်အသွေးများ မြှင့်တင်ပေးရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြော၊ ကျပန်းစကား ပြိုင်ပွဲများသို့ မုံရွာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်း၊ အလယ် တန်း မူလတန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၅)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြိး ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


