၂၀၂၀ ပြည့်ကာလ မြန်မာနိုင်ငံ၏ အလားအလာနှင့်သုံးသပ်ချက် ဟောပြောဆွေးနွေးပွဲကျင်းပမည်

ရန်ကုန်   ၁၃  ဒီဇင်ဘာ

 

မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နည်းပညာကဏ္ဍများပါဝင်သည့် Myanmar Business Leader 2020 Seminar ကို ဒီဇင်ဘာ (၁၅) ရက် (တနင်္ဂနွေနေ့) တွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိလမ်းမတော်မြိူ့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI Office Tower တွင်ကျင်းပမည်ဖြစ်သည်။

 

အဆိုပါဆွေးနွေးဟောပြောပွဲတွင် ဒေါက်တာမောင်အောင်က ၂၀၂၀ ပြည့်ကာလ နိုင်ငံရေးအပြောင်းအလဲကိုလည်းကောင်း၊ ဆရာဦးကျော်ကျော်လှိုင်က စီးပွားရေးကဏ္ဍကိုလည်းကောင်း၊ ဆရာလင်းသိုက်ညွန့်က လူမှုရေးကဏ္ဍကိုလည်းကောင်း၊ ဆရာမာတင်က နည်းပညာပြောင်းလဲခြင်း ကဏ္ဍများတို့အတွက် အလားအလာ အခွင့်အလမ်းနှင့် သုံးသပ်ချက်များကို ဟောပြောပြီး ဆရာဇင်ဖြိုးပိုင်မှ ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

 

ဟောပြောပွဲသို့တက်ရောက်လိုသူများသည် ဖုန်း-ဝ၉-၇၉၇၉၆၈၉၀၉ သို့ ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြောင်းသိရှိရသည်။

 

အောင်သူရ