ရန်ကုန်  ၁၄    နိုဝင်ဘာ         

 

၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်အတွက် တောင်ဥက္ကလာပမြို့နယ်ရှိ အနှေးယာဉ်များ နှစ်လဲ သက်တမ်းတိုး မှတ်ပုံတင်ပြုလုပ်ခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ပြုလုပ် ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အနှေးယာဉ် (လူစီး၊ ကုန်တင်) များအား သက်တမ်းတိုး လိုင်စင်ဝင်ရောက်ရာတွင် အောက်ပါ အတိုင်း စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည် -

 

 (၁) အနှေးယာဉ် (လူစီး၊ ကုန်တင်)၏ စက်ဘီးကိုယ်ထည်သည် အနက်ရောင်၊ ဘေးတွဲ သံကိုယ်            ထည်သည် အနီရောင်သစ်သားကိုယ်ထည် အနီရောင်၊အညိုရောင်ကိုသာ သုတ်ခွင့်ပြုသည်။

 

 (၂) ရှေ့နံပါတ်ပြား၊ နောက်နံပါတ်ပြားနှစ်ခုကို အသစ်ရေး၍ တပ်ဆင်ရပါမည်။

 

 (၃) ရှေ့မီး၊ နောက်မီး၊ မီးကျောက်၊ ရောင်ပြန် (ရှေ့၊ နောက်၊ ဘေးနှစ်ဖက်)များကို ပြည့်စုံစွာပါရှိရ         မည်။

 

 (၄) ဘရိတ် (ရှေ့/နောက်) ကောင်းမွန်ရမည်၊ ဘဲလ် (ခေါင်းလောင်း)ပါရှိရမည်။

 

 (၅) ယာဉ်တွင်တပ်ဆင်ထားသောဆက်သွယ်မှုများ၊ အချိတ်အဆက်များခိုင်ခံ့မှု/ကြံ့ခိုင်မှုရှိစေရန်          နှင့် ဆေးရောင်ကောင်းမွန်သစ်လွင်ရမည်။

 

 (၆) လက်ကိုင်အစွပ်နှင့်  ခြေနင်းပြားများ   ကောင်းမွန်ရန်နှင့်  အနှေးယာဉ်များတွင်  ပါရှိရမည့်           အင်္ဂါရပ်များ ပြည့်စုံမှုရှိရမည် ဖြစ်ကြောင်း သိရသည်။

 

နေထက်အောင်