ကြက်သွန်မြိတ် နှင့် ကန်စွန်းဥ တင်ပူရာကြော်

အသီးအရွက်တွေနဲ့ ပင်လယ်စာတွေကို တင်ပူရာကြော်စားလို့ ရပါတယ်။ ဒီအကြော်စုံကတော့ အရောင်နဲ့အရသာ အရမ်းလိုက်ဖက်တဲ့ တင်ပူရာကြော်ပွဲတစ်ပွဲပါပဲ။
မုန်လာဥဖြူနှင့် ပြည်ကြီးငါးအကြွပ်ကြော်
ခြစ်ထားတဲ့မုန်လာဥဖြူ နဲ့ စွပ်ပြုတ်ရည်အရသာသွင်းထားတဲ့ ပြည်ကြီးငါးအကြွပ်ကြော် ဟာ ရိုးရှင်းတဲ့ ဟင်းပွဲတစ်ပွဲပါ။ဒါပေမဲ့ အရသာကတော့ တော်တော်လေး ကောင်းပါတယ်။
ကြက်သားနှင့် ပဲပြား
Koyadofu ဆိုတာ ပဲပြားကို ရေခဲသေတ္တာထဲမှာ အေးခဲပြီး ခြောက်အောင် လုပ်ထားတာပါ။ အရည်ခြောက်နေတဲ့ ပဲပြားဟာ ဖော့လိုအသားမျိုး ဖြစ်နေတာကြောင့် ဒီဟင်းပွဲမှာ ပဲပြားခြောက်ဟာ ပြုတ်ရည်အရသာတွေကို စုပ်ယူထားပါတယ်။
ကြက်ဥထမင်းလိပ်
ပဲငံပြာရည်အရသာသွင်းထားတဲ့ ထမင်းကြော်ကို ကြက်ဥခေါက်ကြော်ထဲ အဆာသွပ်ထားတာပါ။ ဂျင်းနဲ့ shiso (ရှီဆို)  အရွက်ရဲ့ အနံ့အရသာကြောင့်  ကြက်ဥထမင်းလိပ်ကို  ဂျပန်အရသာ ပိုပေါက်သွားစေပါတယ်။
ပန်းသီးပီဇာ
ပန်းသီးရဲ့ ချိုချဉ်အရသာနဲ့  ချိစ်ရဲ့ ငံကျိကျိ အရသာလေးဟာ  ဝိုင်နဲ့ အရမ်းကို လိုက်ဖက်လွန်းလှပါတယ်။
ပဲငံပြာရည်ဆော့စ်နှင့် ငါးအသားလွှာ
ပဲငံပြာရည်ဆော့စ် ခပ်ပျစ်ပျစ်လေးကြောင့် နူးညံ့တဲ့ ငါးအသားကို  အရသာ ပိုကောင်းသွားစေပါတယ်။
သီးစုံဘေကွန်ထမင်း
ဂျပန်စတိုင် ချက်ပြုတ်နည်းမှာ ပဲငံပြာရည်ကတော့ မပါမဖြစ်တဲ့ အမယ်တစ်မျိုးပါ။ သူက ဟင်းပွဲတွေရဲ့ အရသာနဲ့ ရနံ့ကို ပိုကောင်းစေပါတယ်။