ပန်းသီးပီဇာ

ပန်းသီးရဲ့ ချိုချဉ်အရသာနဲ့  ချိစ်ရဲ့ ငံကျိကျိ အရသာလေးဟာ  ဝိုင်နဲ့ အရမ်းကို လိုက်ဖက်လွန်းလှပါတယ်။

 

ပါဝင်ပစ္စည်းများ ( အချင်း ၂၂ စင်တီမီတာရှိ ပီဇာတစ်ခုစာ)

 

•    ကြိုတင်ပြုလုပ်ထားတဲ့ ပီဇာမုန့်သား တစ်ချပ် ( ဈေးဝယ်စင်တာတွေကနေ လုပ်ပြီးသားဝယ်နိုင်ပါတယ်။

 

•    ပန်းသီး တစ်ခြမ်း


•    gorgonzola cheese စားပွဲဇွန်း တစ် ဇွန်း (၂၀ ဂရမ်)


•    ပျားရည် စားပွဲဇွန်း ၂ဇွန်း


•    သကြား စားပွဲဇွန်း ၁ ဇွန်း


•    ထောပတ် ၁၀ ဂရမ်

 

ပြင်ဆင်ရန်

 

၁။ မုန့်ဖုတ်ဖိုကို  အပူချိန် ၂၅၀ ဒီဂရီစင်တီဂရိတ်နဲ့   ကြိုတင် အပူပေးထားပါ။

 

၂။ ပီဇာမုန့်သားကို အညိုရောင်သန်းလာအောင် ၄ မိနစ် ၅ မိနစ်လောက်အထိ မုန့်ဖုတ်ဖိုထဲမှာ ထားပါ။

 

၃။ ထောပတ် ၁၀ ဂရမ်ကို အတုံးသေးသေးလေးတွေ တုံးပါ။ ပန်းသီးကို ရေဆေး၊ အူတိုင်ကို ဖယ်ထုတ်ပြီး ပန်းသီးစိတ် ခပ်ပါးပါးလေးတွေ ဖြစ်အောင် လှီးပါ။ အခွံခွာစရာ မလိုပါဘူး။

 

၄။ မုန့်ဖုတ်ဖိုသုံး စက္ကူ တစ်ချပ်ပေါ်မှာ ကင်ပြီးသာ ပီဇာမုန့်သားကို တင်ပြီး ပန်းသီးစိတ်လေးတွေကို ပုံပါအတိုင်း စီပါ။

 

၅။ ထောပတ်တုံးလေးတွေကို ပီဇာမုန့်သား အနားတစ်လျောက် စီထားပါ။ ချိစ်ကို အတုံးလေးတွေလှီးပြီး ပီဇာတစ်ခုလုံး အနှံ့ ဖြူးပါ။

 

၆။ ပျားရည်ကို ပီဇာတစ်ခုလုံးအနှံ့  ဆမ်းပြီး အပေါ်ကနေ သကြားပွင့်လေးတွေကို ထပ်ဖြူးပါ။ အပူချိန် ၂၅၀ ဒီဂရီနဲ့ ၁၀ မိနစ်ခန့် ဖုတ်ပါ။ မျက်နှာပြင် တစ်ခုလုံး အညိုရောင်သန်းလာပြီဆိုရင်  ဖိုထဲက ထုတ်လို့ရပါပြီ။

 

ကိုးကား- NHK