ပဲငံပြာရည်ဆော့စ်နှင့် ငါးအသားလွှာ

ပဲငံပြာရည်ဆော့စ် ခပ်ပျစ်ပျစ်လေးကြောင့် နူးညံ့တဲ့ ငါးအသားကို  အရသာ ပိုကောင်းသွားစေပါတယ်။ တခြား ဟင်းပွဲတွေမှာလည်း အခုစပ်ပေးထားတဲ့ ပဲငံပြာရည်ဆော့စ်ကို ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

 

ပါဝင်ပစ္စည်းများ (နှစ်ဦးစာ)

 

ငါးအသားလွှာ နှစ်တုံး ( တစ်တုံးကို အလေးချိန် ၁၀ဝ ဂရမ်ခန့်)

 

ငရုတ်သီးစိမ်း ၄ တောင့်

 

ဆား

 

ဂျုံမှုန့်

 

ဟင်းရွက်ဆီ

 

ဆော့စ်

 

ပဲငံပြာရည်ဆော့စ် စားပွဲဇွန်း (၂) ဇွန်း

 

ဆာကေး    စားပွဲဇွန်း (၂) ဇွန်း

 

Mirin ဆန်အရက် စားပွဲဇွန်း (၂) ဇွန်း

 

သကြား စားပွဲဇွန်း (၁) ဇွန်း

 

ပြင်ဆင်နည်း

 

၁။ ငါးအသားတုံး နှစ်ဖက်စလုံး အပေါ်မှာ ဆားတစ်ဇွန်း ဖြူးပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။ ဆားနယ်ထားတဲ့ ငါးအသားတုံးကို ရေဆေးပြီး ရေခြောက်အောင် သုတ်ပါ။

 

၂။ ဂျံမှုန့်ကို ငါးအသားတုံး နှစ်ဖက်စလုံးမှာ ခပ်ပါးပါးလေး ဖြူးပါ။

 

၃။ ဆော့စ်အတွက် ပြင်ဆင်ထားတဲ့ အမယ်တွေကို ရောပါ။

 

၄။ ဟင်းရွက်ဆီ စားပွဲဇွန်း တစ်ဝက်ကို  ဒယ်အိုးထဲ ထည့်ပါ။ ဆီပူလာတဲ့အခါ ငရုတ်သီးစိမ်း အတောင့်တွေ ထည့်ပြီး ကြော်ပါ။ ကျက်သွားတဲ့အခါ  အိုးထဲက ဆယ်ပါ။ ငါးအသားတုံးတွေကို ထည့်ပြီး နှစ်ဖက်စလုံး အညိုရောင် သန်းလာတဲ့အထိ ကြော်ပါ။

 

၅။ ငါးအသားတုံးက ဆီတွေကို အဆီစုပ်တစ်ရှူးနဲ့  သုတ်ပြီး ဆော့စ်လောင်းထည့်ပါ။

 

၆။ ဆော့စ်အရည်တွေ ပျစ်သွားအောင် မီးအပူနည်းနည်းနဲ့ ဆက်တည်ပါ။ ပူပေါင်းလေးတွေ ပွက်လာပြီဆိုရင် ငါးအသားတုံး နှစ်ဖက်စလုံးမှာ ဆော့စ်အရည်တွေ ကပ်သွားအောင် ဒယ်အိုးကို တစ်ချက်တစ်ချက် လှည့်ပေးပါ။ ပဲငံပြာရည်ဆော့စ်နဲ့ ငါးအသားလွှာ ဟင်းပွဲရပါပြီ။

 

ကိုးကား<အန်အိတ်ချ်ကေ