မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွင်းရှိ စက်ရုံအလုပ်ရုံများ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကြည့်ရှုစစ်ဆေး

မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်းအတွင်းရှိ စက်ရုံအလုပ်ရုံများ ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ထားရှိမှု များကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ လူမှုရေးဝန်ကြီး ဦးအောင်ကြည်နှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် ပိုးသတ်ဆေးဖျန်းခြင်းနှင့် အသိပညာပေးခြင်းများ အင်းစိန်မြို့နယ်၌ ဆောင်ရွက်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန်အတွက် ရပ်ကွက်များတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာ ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
မိုင်းပန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂ ကြိုတင်ကာကွယ်မှုအနေဖြင့် ပိုးလောက်လန်း မှအစ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် လောက်လန်းသေဆေး (Abate) အဘိတ်ဆေး ခတ်ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
လေ့လာစရာမြန်မာ့ရိုးရာ အနုပညာလက်ရာမြောက် တန်ဖိုးမြင့်ယွန်းပစ္စည်းများ   
မြန်မာ့လက်မှုအနုပညာ ပစ္စည်းများတွင် လက်ရာမြောက် ယွန်းအနုပညာပစ္စည်းများကို ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များ အထူးစိတ်ဝင်စားကြသည်။ လက်ရှိကာလတွင် ယွန်းလက်မှုပစ္စည်းများကို အဆင့်မြင့်တင်ကာ တန်ဖိုးမြင့်ပစ္စည်းများအဖြစ် ပြုလုပ်လာကြသည်။
ကမ္ဘောဇဘဏ်က ကရင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် ဆန်အိတ် ၁၀ဝ၀ ပေးအပ်လှူဒါန်း
ကရင်ပြည်နယ်အစိုးရမှ နေရပ်ပြန်လာသူများအား စနစ်တကျကြိုဆိုနိုင်ရေး ဆောင်ရွက်မှုများအား ပံ့ပိုးကူညီသည့် အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများကို ပြည်နယ်အစိုးရထံသို့ ကမ္ဘောဇဘဏ်က မေ ၃ ရက်တွင် ထပ်မံလှူဒါန်းခဲ့သည်။
Covid-19 ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV )  သို့ လာရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီ Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများနှင့် စည်ပင်သာယာရေးလုပ်ငန်းများ၊ ကြီးကြပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
တနိုင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက Qurantine ဝင်နေသူများကို ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်၍ လိုက်နာရမည့် စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြစေရန် တာဝန်ရှိသူများမှ အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။