မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွင်းရှိ စက်ရုံအလုပ်ရုံများ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး ကြည့်ရှုစစ်ဆေး

ငါန်းဇွန်  ၃ မေ

 

မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်းအတွင်းရှိ စက်ရုံအလုပ်ရုံများ ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရန် လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ထားရှိမှု များကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ လူမှုရေးဝန်ကြီး ဦးအောင်ကြည်နှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ လူမှုရေးဝန်ကြီး ဦးအောင်ကြည်နှင့် တာဝန်ရှိသူများက မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်းအတွင်းရှိ Long year Shoes ဖိနပ်စက်ရုံ၊ Boashan တည်ဆောက်ရေးလုပ်ငန်း၊ GOLD AYA မော်တော်ကား တပ်ဆင်စက်ရုံနှင့် Golf Club တို့၏ လုပ်ငန်းခွင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)