လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ၁၉ လုံးအတွက် ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ လေပြင်းများတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ၁၉ လုံးအတွက် ထောက်ပံ့ငွေ ၈၉၃၇၀၀ ကျပ် ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ကောလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀)တွင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုများ ညှိနှိုင်းဆွေးနွေး
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အစည်းအဝေး (၁/၂၀၂၀) တွင် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုများကို အဆိုပါဝန်ကြီးရုံး၌ Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးသည်။  
လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီစိုက်ပျိုးရန် ပျိုးပင် ၃၆၈၉၀၀ ပျိုးထောင်ထား

ညောင်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ လူနာလျှောက်လမ်း အမိုးမိုးခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်

Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ရှရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ အလှူငွေများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ဆိုင်ရာ Country Director, Ms. Mariam J. Sherman အား Teleconference ဖြင့် လက်ခံတွေ့ဆုံ

ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် ဟားခါးမြို့ Facility Quarantine ထားရှိသူများအား လိုအပ်သည်များ သွားရောက်ထောက်ပံ့
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ဟားခါးမြို့၌ Facility Quarantine ထားရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုကာ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။