ညောင်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ လူနာလျှောက်လမ်း အမိုးမိုးခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်

ညောင်ဦး ၇    မေ   

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၊ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ၌ လူနာလျှောက်လမ်း အမိုးမိုးခြင်းလုပ်ငန်းတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးရုံး ဝန်ထမ်းမိသားစုများ စုပေါင်းကာ ယနေ့ နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။  

 

ထိုသို့ လှူဒါန်းရာတွင် ညောင်ဦးမြို့နယ်ပညာရေးမှူး ဦးမျိုးညွန့်နှင့် ဝန်ထမ်းများအဖွဲ့က ညောင်ဦးမြို့၊ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ လူနာလျှောက်လမ်း အမိုးမိုးခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အလှူငွေကျပ် ၇၆၅၀၀၀ အား လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)