ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် ပိုးသတ်ဆေးဖျန်းခြင်းနှင့် အသိပညာပေးခြင်းများ အင်းစိန်မြို့နယ်၌ ဆောင်ရွက်

ရန်ကုန် ၃  ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန်အတွက် ရပ်ကွက်များတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာ ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်ရှိ ခဝဲခြံ(၁)လမ်း၊ (၂)လမ်း၊ ကွက်သစ် ရပ်ကွက်ရှိ ကွက်သစ်(၁)လမ်း၊ (၂)လမ်းနှင့် အောင်ဆန်းရပ်ကွက် ယာယီရွှေ့ပြောင်း နေထိုင်လျက်ရှိသော လူနေထူထပ်သည့် နေရာများသို့သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

အင်းစိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)