ယခုနှစ် ပထမရှစ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃၇ ဒသမ ၇ ဘီလီယံရှိ

 

ဖနောင်ပင်   စက်တင်ဘာ   ၁၃

 

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်မှုပမာဏတန်ဖိုးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄ ဘီလီယံရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏ အထွေထွေအကောက်အခွန်နှင့် ယစ်မျိုးဦးစီးဌာန၏ စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

 

အသီးသီးရပ်တည်

 

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး တရုတ်နိုင်ငံနောက်တွင် အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့က အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။

 

ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံသို့တင်ပို့သည့် အဓိကထွက်ကုန်များမှာ ဆန်၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ ရေထွက် ပစ္စည်းနှင့် အဝတ်အထည်များဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ တင်သွင်းသည့် အဓိက ကုန်ပစ္စည်းများမှာ ဖိနပ်၊ စက်ယန္တရားများ၊ မော်တော်ယာဉ်များ၊ စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းနှင့် ဆေးဝါးများဖြစ်ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်