ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဂန့်ဂေါ  ၂၃  သြဂုတ် 


ဂန့်ဂေါခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ အစီအစဉ်ဖြင့် မှုခင်းကျဆင်းရေး လုပ်ငန်းများကို ဂန့်ဂေါခရိုင်အတွင်း ရဲစခန်းနယ်မြေအလိုက် ဆောင်ရွက်လျက်ရှိရာ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကလေး- ဂန့်ဂေါ ကားလမ်း၊ ကျေးရွာဖြတ်လမ်းတွင် စီးနင်းမောင်းနှင်သည့် မော်တော်ဆိုင်ကယ် ၄၀ စီး၊ မော်တော်ယာဉ် ၂၀ စီးတို့အား ယမန်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စစ်ဆေးကြ၍ အသိပညာပေးဆွေးနွေးကြကာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


MDN